ခွေး လှောင် အိမ်ထဲမှာ နေခဲ့ရတဲ့ သနားစရာ မောင်နှမ နှစ်ဦးရဲ့ အဖြစ်






Credit Popolay

Unicode

ခွေး လှောင်အိမ်ထဲနေရတဲ့ စွန့်ပစ်ခံ သနားစရာ မောင်နှမနှစ်ဦး

မောင် နှမနှစ်ယောက်ဖြစ်ကြတဲ့ အသက် ၆ နှစ်အရွယ် ယောက်ျားလေးနှင့် အသက် ၄ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ကို ခွေးလှောင်အိမ်ထဲမှာ သော့ခတ်ထားတဲ့ပုံက လူမှုကွန်ယက် အွန်လိုင်းမှာ လူပြောများ ဝေဖန်ခံခဲ့ရပြီးတဲ့နောက် အာဏာပိုင်တွေက သွားရောက်စစ်ဆေးခဲ့ပါတယ်။

တ ရုတ်နိုင်ငံအရှေ့ဘက်မှာရှိတဲ့ နန်ဂျင်းဒေသမှာ ထိန်းသိန်းစောင့်ရှောက်မယ့် လူကြီးတွေမရှိပဲ ခွေးလှောင်အိမ်ထဲမှာ ကလေးနှစ်ဦး ခွေးတွေနဲ့အတူ ဆော့ကစားပြီး ခွေးစာတွေကို စားသောက်သလို ခွေးသောက်တဲ့ မသန့်ရှင်းတဲ့ ရေတွေကို သောက်တာ မြင်တွေ့ရတယ်လို့ အိန်နီးချင်းတွေက ဆိုပါတယ်။

တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးကြည့်တဲ့အခါ ကလေးငယ်နှစ်ဦးရဲ့ မိခင်ဟာ လွန်ခဲ့သည့် နှစ်နှစ်ခန့်ကထဲက သူတို့ကို စွန့်ပစ်သွားခဲ့ပြီး ဖခင်ဖြစ်သူဟာလည်း တစ်နယ်တစ်ကျေးမှာ အလုပ်သွားလုပ်နေတဲ့အတွက် အဖိုးဖြစ်သူက အဓိကအုပ်ထိန်းခဲ့ရတာဖြစ်ပါတယ်။ သူမိသားစုဟာ အလွန်ရုန်းကန်နေရပြီး ခွေလှောင်အိမ်ဘေးက တဲလေးထဲမှာ နေကြရတာဖြစ်ပါတယ်။ အဖိုးဖြစ်သူဟာ သူအပြင်သွားတဲ့အချိန်မှာ ကလေးတွေ ပျောက်မှာ စိုးရိမ်တဲ့အတွက် ခွေးလှောင်အိမ်ထဲမှာ သောခတ်ခဲ့တာဖြစ်ကြောင်း သိရှိခဲ့ရပြီး ကလေးနှစ်ဦးကို တာဝန်ရှိသူများက စောင့်ရှောက်ရေးဂေဟာ တစ်ခုသို့ ယာယီရွှေ့ပြောင်းပေးထားကြောင်း သိရှိရသည်။

ကလေးများကို ဆေးရုံတွင် ဆေးစစ်ခဲ့ပြီးနောက် ကျန်းမာရေးကောင်းမွန်ကြောင်း သိရှိခဲ့ရပြီး သူတို့အတွက် ရေရှည်အစီအစဉ်တစ်ခုကို တာဝန်ရှိသူများ ကြံဆနေကြကြောင်း သိရသည်

Credit Popolay

Be the first to comment

Leave a Reply

Your email address will not be published.


*