ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းကို က်န္းမာေရး အသုံးစရိတ္ အလႉေငြ သိန္း(၁၀၀)လႉဒါန္းခဲ့တဲ့ တင္မိုးလြင္

ျမန္မာႏိုင္ငံရဲ႕ အရည္အခ်င္းျပည့္ဝတဲ့ ေမာ္ဒယ္သ႐ုပ္ေဆာင္ေတြကို ေမြးထုတ္ေပးေနတဲ့ တင္မိုးလြင္ကေတာ့ လတ္တေလာမွာ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းကို က်န္းမာေရးအသုံးစရိတ္အျဖစ္အလႉေငြ က်ပ္သိန္း(၁၀၀)က်ပ္ကိုလႉဒါန္းခဲ့ပါတယ္။ အခုလိုလႉဒါန္းျဖစ္တဲ့ အေၾကာင္းကို တင္မိုးလြင္က သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန ပရိသတ္ေတြ သာဓုအႏုေမာဒနာေခၚဆိုႏိုင္ေအာင္မွ်ေဝေဖာ္ျပလာခဲ့တာပဲျဖစ္ပါတယ္။

“လတ္တေလာျဖစ္ပြားလ်က္ရွိေသာ ကူးစက္ျမန္ျပင္းထန္ အဆုတ္ေရာင္ ကမာၻ႔ကပ္ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကုသေရးလုပ္ငန္းမ်ားတြင္ လိုအပ္သလိုအသုံးျပဳႏိုင္ရန္ ေဒၚတင္မိုးလြင္ (Talents & Models School and Agency) မွ အလႉေငြက်ပ္သိန္း(၁၀၀)ကို ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းအား လႉဒါန္းခဲ့ေၾကာင္း သာဓုအႏုေမာဒနာေခၚဆိုႏိုင္ရန္ တင္ျပအပ္ပါသည္။”လို႔ေဖာ္ျပထားခဲ့တာျဖစ္ၿပီး ကမာၻသားအားလုံး က်န္းမာ႐ႊင္လန္းေစရန္ ဆႏၵျပဳေၾကာင္းကိုလည္း ေဖာ္ျပထားပါေသးတယ္။

ပရိသတ္ေတြကေတာ့ တင္မိုးလြင္ရဲ႕ မြန္ျမတ္လွတဲ့ ကာလဒါနအလႉေလးျပဳလုပ္ခဲ့တဲ့ စိတ္ဓာတ္ေလးကို ခ်ီးက်ဴးေနခဲ့ၿပီး အလႉေလးကိုလည္း ဝမ္းေျမာက္ဝမ္းသာနဲ႔ သာဓုေခၚဆိုေနၾကပါေသးတယ္။ CeleGabar ပရိသတ္ႀကီးေရ တင္မိုးလြင္ရဲ႕ စိတ္ထားေလးကေတာ့ ပရိသတ္ေတြခ်ီးက်ဴးေနၾကသလိုပဲ မြန္ျမတ္လြန္းလွတာေၾကာင့္ တကယ္လည္း ခ်ီးက်ဴးထိုက္တဲ့ စိတ္ထားေလးပါပဲေနာ္။

Credit – CeleGabar , Source – Tin Moe Lwin

Unicode

မြန်မာနိုင်ငံရဲ့ အရည်အချင်းပြည့်ဝတဲ့ မော်ဒယ်သရုပ်ဆောင်တွေကို မွေးထုတ်ပေးနေတဲ့ တင်မိုးလွင်ကတော့ လတ်တလောမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ကျန်းမာရေးအသုံးစရိတ်အဖြစ်အလှူငွေ ကျပ်သိန်း(၁၀၀)ကျပ်ကိုလှူဒါန်းခဲ့ပါတယ်။ အခုလိုလှူဒါန်းဖြစ်တဲ့ အကြောင်းကို တင်မိုးလွင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေ သာဓုအနုမောဒနာခေါ်ဆိုနိုင်အောင်မျှဝေဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။

“လတ်တလောဖြစ်ပွားလျက်ရှိသော ကူးစက်မြန်ပြင်းထန် အဆုတ်ရောင် ကမ္ဘာ့ကပ်ရောဂါထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် လိုအပ်သလိုအသုံးပြုနိုင်ရန် ဒေါ်တင်မိုးလွင် (Talents & Models School and Agency) မှ အလှူငွေကျပ်သိန်း(၁၀၀)ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအား လှူဒါန်းခဲ့ကြောင်း သာဓုအနုမောဒနာခေါ်ဆိုနိုင်ရန် တင်ပြအပ်ပါသည်။”လို့ဖော်ပြထားခဲ့တာဖြစ်ပြီး ကမ္ဘာသားအားလုံး ကျန်းမာရွှင်လန်းစေရန် ဆန္ဒပြုကြောင်းကိုလည်း ဖော်ပြထားပါသေးတယ်။

ပရိသတ်တွေကတော့ တင်မိုးလွင်ရဲ့ မွန်မြတ်လှတဲ့ ကာလဒါနအလှူလေးပြုလုပ်ခဲ့တဲ့ စိတ်ဓာတ်လေးကို ချီးကျူးနေခဲ့ပြီး အလှူလေးကိုလည်း ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုနေကြပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ တင်မိုးလွင်ရဲ့ စိတ်ထားလေးကတော့ ပရိသတ်တွေချီးကျူးနေကြသလိုပဲ မွန်မြတ်လွန်းလှတာကြောင့် တကယ်လည်း ချီးကျူးထိုက်တဲ့ စိတ်ထားလေးပါပဲနော်။

Credit – CeleGabar , Source – Tin Moe Lwin

Be the first to comment

Leave a Reply

Your email address will not be published.


*