အိုက်စလန်သိပ္ပံပညာရှင်များ ကိုရိုနာဗိုင်းရပ် ကူးစက်မှု နောက်ကြောင်းလိုက်ရာမှ တွေ့ရှိချက်

လက္ရွိ ကို႐ိုနာဗိုင္းရပ္စ္၏ မ်ိဳးဗီဇအသြင္ေျပာင္းမႈ ၄၀ ကို ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း အိုက္စလန္ သိပၸံပညာရွင္မ်ား ေျပာဆို။ ဗိုင္းရပ္စ္ကူးစက္ခံရသူ ၇ ဦးအား ဇစ္ျမစ္လိုက္ရာတြင္ အဂၤလန္ေဘာ လုံးပြဲတစ္ပြဲမွ စတင္ကူးစက္ခံခဲ့ရေၾကာင္း ေတြ႕ရွိ… အိုက္စလန္ႏိုင္ငံမွ Covid- 19 ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၆၀၀ နီးပါးအား စမ္းသပ္စစ္ေဆးခဲ့ရာ မ်ိဳးဗီဇအသြင္ေျပာင္းမႈ ၄၀ ကို ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း၊ လက္ရွိကို႐ိုနာဗိုင္းရပ္စ္သည္ မ်ိဳးဗီဇေျပာင္းလဲလွ်က္ရွိသည္ကို စူးစမ္းေတြ႕ရွိခဲ့ျဖစ္သည္ဟု ၿဗိတိန္အေျခစိုက္ Daily Mail က ယမန္ေန႔က ေရးသားထားသည္။ မ်ိဳးဗီဇကြဲျပားျခားနားမႈမ်ားသည္ လူတစ္ဦး၏ လက္ေဗြရာကဲ့သို႔ပင္ ပုံစံတူ ၂-ခု မရွိႏိုင္သကဲ့သို႔ ဗိုင္းရပ္စ္တစ္ခုသည္လည္း ထပ္တူမရွိျခင္းေၾကာင့္ ကမာၻ႔မည္သည့္ေနရာမွ စတင္ခဲ့ေၾကာင္း စစ္ခ်က္ထုတ္ႏိုင္သည္။

Genetic Sequencing မ်ိဳး႐ိုးဗီဇေနာက္ဆက္တြဲ အစီအစဥ္စနစ္ကို စမ္းသပ္ျခင္းျဖင့္ ဗိုင္းရပ္စ္၏ မ်ိဳးဗီဇ ေျပာင္းလဲလာမႈ အဆင့္ဆင့္ကို သိရွိရျခင္း ျဖစ္သည္ဆို၏။ အိုက္စ္လန္သိပၸံပညာရွင္မ်ားအေနျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈလမ္းေၾကာင္း ေနာက္ေၾကာင္းလိုက္ရာတြင္ အဂၤလန္၊ ဩစေတ်းလ်ႏွင့္ အီတလီတို႔မွ အစျပဳေရာက္ရွိလာခဲ့ေၾကာင္း ေတြရွိခဲ့ေၾကာင္း၊ ကူးစက္ခံရသူ ၇-ဦးသည္ ကူးစက္ေရာဂါပိုး အကာအကြယ္မျပဳထားေသာ အဂၤလန္ေဘာလုံးပြဲတစ္ပြဲမွ စတင္ကူးစက္လာသည္ကို ေဖာ္ထုတ္ႏိုင္ခဲ့ေၾကာင္း သိရွိရသည္။ ဗိုင္းရပ္စ္သည္ တိရစာၦန္မ်ား၏ ခႏၶာကိုယ္တြင္ ႏွစ္ေပါင္းမ်ားစြာ ၿမဳံေနခဲ့ၿပီး လူ၏ ခႏၶာကိုယ္ကို စတင္ဝင္ေရာက္ တိုက္ခိုက္ႏိုင္ျခင္း မတိုင္မီအထိ မ်ိဳးဗီဇဆင့္ကဲေျပာင္းလဲရာတြင္ ဆယ္စုႏွစ္ခ်ီ၍ အခ်ိန္ယူခဲ့ရမည္ ျဖစ္ေၾကာင္း သိပၸံပညာရွင္မ်ားအေနျဖင့္ ယူဆၾကသည္။

ယခုကဲ့သို႔ ဗိုင္းရပ္စ္၏ မ်ိဳးဗီဇမ်ားကို ေလ့လာျခင္းျဖင့္ လူအမ်ားၾကား အစုအၿပဳံလိုက္ပ်ံ႕ႏွံ႔လွ်က္ ကူးစက္ကပ္ ေရာဂါအသြင္ ျဖစ္လာသည္ကို တိုက္ဖ်က္ရာတြင္ အေထာက္အကူ ျပဳႏိုင္သည္။ အိုက္စ္လန္သိပၸံပညာရွင္မ်ားသည္ ေရာဂါေၾကာင့္ ေသဆုံးမႈ တစ္ခု စတင္ျဖစ္ပြားခ်ိန္မွစ၍ ၎တို႔ ႏိုင္ငံအတြင္းရွိ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ လူနာမ်ားအား စတင္ စမ္းသပ္ခဲ့ၾကျခင္းျဖစ္သည္။ အိုက္စ္လန္က်န္းမာေရးဌာနသည္ မ်ိဳးဗီဇေလ့လာမႈအဖြဲ႕ DeCode Genetics ႏွင့္အတူပူးေပါင္း၍ လူေပါင္း ၉,၇၆၈ ဦးတို႔၌ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈကို စမ္းသပ္ေလ့လာခဲ့ၾကသည္။ ၎တို႔တြင္ ပိုးေတြ႕ရွိလူနာ၊ ေရာဂါ လကၡဏာျပလွ်က္ရွိသည့္ သံသယလူနာႏွင့္ ကူးစက္ႏိုင္ေခ်ရွိသူမ်ား ပါဝင္သည္။ ေရာဂါလကၡဏာမ်ား မေတြ႕ရွိရေသးေသာ္လည္း မိမိသေဘာဆႏၵအေလ်ာက္ စစ္ေဆးခံခဲ့သူ ၅,၀၀၀ ခန႔္တို႔တြင္လည္း ေရာဂါပိုး ေတြ႕ရွိခဲ့သည္။ ထိုသို႔ ဗိုင္းရပ္စ္၏ မ်ိဳးဗီဇဆက္ေၾကာင္း တစ္ခုလုံးအား ေလ့လာစမ္းသပ္ၿပီးေသာအခါ ဗိုင္းရပ္စ္၏ ဆင့္ကဲေျပာင္းလဲမႈ ျဖစ္စဥ္ႏွင့္ ကူးစက္ပ်ံ႕ႏွံ႔မႈ လမ္းေၾကာင္းကို ပုံေဖာ္ထုတ္ႏိုင္ခဲ့ျခင္းျဖစ္သည္။ “ဗိုင္းရပ္စ္ မ်ိဳးဗီဇဘယ္လို ဆင့္ကဲေျပာင္းလဲတာတယ္ဆိုတာ ကြၽန္ေတာ္တို႔ ေတြ႕ခဲ့ၿပီ။ အိုက္စ္လန္မွာ ကို႐ိုနာဗိုင္းဗိုင္းရပ္စ္ မ်ိဳးဗီဇအသြင္ေျပာင္းမႈ ၄၀ ရွာေတြ႕ခဲ့တယ္ “ဟု DeCode Genetics မွ ၫႊန္ၾကားေရးမႉး Kári Stefánsson က ေျပာၾကားခဲ့သည္။ လူနာတစ္ဦး၏ ကိုယ္တြင္း၌ မ်ိဳးဗီဇမတူ ကို႐ိုနာဗိုင္းရပ္စ္၂ မ်ိဳး ဝင္ေရာက္လွ်က္ရွိေနၿပီး ” အဲဒီလူနာမွာဆို မတူညီတဲ့ မ်ိဳးဗီဇအသြင္ကြဲ ဗိုင္းရပ္စ္ေတြ ေတြ႕ရွိခဲ့ပါတယ္။ ဒါဟာ ဗီဇအသြင္မေျပာင္းခင္နဲ႔ ေျပာင္းၿပီးအေျခအေန ဗိုင္းရပ္စ္မ်ားျဖစ္ၾကၿပီး လူရဲ႕ ခႏၶာကိုယ္ထဲမွာပဲ ဗိုင္းရပ္စ္က မ်ိဳးဗီဇအသြင္ေျပာင္းေနတာ ျဖစ္တယ္။ ” ဟု ၎က ဆက္လက္ေျပာၾကားသည္။ ယခုအခါ လူဦးေရ ၃၆၅,၀၀၀ ရွိေသာ အိုက္စ္လန္ႏိုင္ငံအတြင္းသို႔ ကို႐ိုနာဗိုင္းရပ္စ္ မည္သို႔ ဝင္ေရာက္ခဲ့သည္ကို ေနာက္ေၾကာင္းလိုက္ႏိုင္ခဲ့ၿပီဟု ဆိုရပါမည္။ ဗိုင္းရပ္စ္အခ်ိဳ႕မွာ ဩစေတ်းလ်မွ ေရာက္ရွိလာၿပီး၊ အျခား ပုံစံတစ္ခုမွာ အီတလီမွ ကူးစက္ခံခဲ့ရျခင္းျဖစ္၍ တတိယပုံစံမွာ အဂၤလန္ႏိုင္ငံတြင္ ေဘာလုံးပြဲတစ္ပြဲကို အတူၾကည့္ခဲ့သူ ၇ ဦးမွ စတင္ကူးစက္ခဲ့ျခင္း ျဖစ္ေၾကာင္း ေဖာ္ထုတ္ႏိုင္ခဲ့သည္။

သို႔ေသာ္ အဆိုပါ စစ္တမ္းသည္ အျခားသိပၸံပညာရွင္မ်ား၏ အတည္ျပဳခ်က္ ရယူရန္ လိုအပ္ေနေသးေသာေၾကာင့္ ပုံႏွိပ္ျခင္းမျပဳရေသးေပ။ Covid-19 ေရာဂါျဖစ္ပြားေစသည့္ SARS-CoV-2 ဗိုင္းရပ္စ္သည္ ကို႐ိုနာမ်ိဳးရင္းဝင္ျဖစ္၍ မူလပထမ လင္းႏို႔မ်ားတြင္ ေတြ႕ရေလ့ရွိသည္။ သို႔ေသာ္ လင္းႏို႔တြင္ရွိသည့္ ကို႐ိုနာဗိုင္းရပ္စ္သည္ လူသို႔ တိုက္႐ိုက္ကူးစက္ျခင္း မရွိပဲ ၾကားခံသက္ရွိသတၱဝါတစ္ခုခုတြင္ ခိုေအာင္းအသြင္ေျပာင္းၿပီးမွ SARS-CoV-2 ဗိုင္းရပ္စ္ ျဖစ္လာသည္။ ယခုကို႐ိုနာဗိုင္းရပ္၏ လင္းႏို႔ႏွင့္ လူအၾကား ၾကားခံသက္ရွိမွာ သင္းေခြခ်ပ္ျဖစ္သည္ဟု တ႐ုတ္သိပၸံပညာရွင္မ်ား ေျပာဆိုခ်က္ကို ႏိုင္ငံတကာတြင္ ေလ့လာဆဲျဖစ္သည္။ ထို႔ျပင္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွ စတင္ျဖစ္ထြန္းသည္ဆိုျခင္းကို တ႐ုတ္သိပၸံပညာရွင္မ်ားက လက္မခံပါ။ ေနရာအႏွံ႔အျပားမွ ဝင္ေရာက္လာေသာ ဗိုင္းရပ္စ္မ်ား စုေဝးဆင့္ကဲ ေျပာင္းလဲျခင္းမွ ယခုဗိုင္းရပ္စ္ျဖစ္လာသည္ဆိုျခင္းေၾကာင့္ သင္းေခြခ်ပ္သာမက လူပင္ ျဖစ္ႏိုင္ေနေလသည္။ သို႔ေသာ္ SARS-CoV-2 ကို ဇီဝလက္နက္စမ္းသပ္ရာမွ ထြက္ေပၚလာေသာ ဗိုင္းရပ္စ္မဟုတ္သည္မွာ ေသခ်ာသည္။ ဓါတ္ခြဲခန္းတြင္ လူတို႔ဖန္တီးေသာ ဗိုင္းရပ္စ္ျဖစ္ခဲ့လွ်င္ လက္ရွိကမာၻေပၚတြင္ ရွိႏွင့္ၿပီး ဗိုင္းရပ္စ္ တစ္ခုခုမွ ဆင့္ပြားယူျခင္းျဖစ္၍ တူညီေနရပါမည္။ SARS-CoV-2 မွာမူ ကမာၻေပၚတြင္ တစ္ခါမွ် မရွိဖူး-မေတြ႕ဖူးေသာ ဗိုင္းရပ္စ္ျဖစ္ျခင္းေၾကာင့္ Novel အသစ္ေတြ႕ရွိေသာ ဗိုင္းရပ္စ္အျဖစ္ ေၾကညာရျခင္းျဖစ္သည္။ ဗိုင္းရပ္စ္တို႔သည္ လူကဲ့သို႔ ဆဲလ္ Cell မ်ားမ်ားမရွိပါ။ ထို႔ေၾကာင့္ မ်ိဳးဗီဇေျပာင္းရန္ လြယ္ကူသည္။ တိရစာၦန္မွ လူတြင္ စြဲကပ္သည့္ ကို႐ိုနာဗိုင္းရပ္စ္အျဖစ္အဆင့္ေရာက္ရန္ ဗီဇေျပာင္းခဲ့ၿပီး ၂-လေက်ာ္အၾကာ ယခုအခ်ိန္တြင္ ယခင္ဝူဟန္ဗိုင္းရပ္စ္ဗီဇအသြင္မွ ေျပာင္းလဲလွ်က္ရွိၿပီဟု ဆိုလိုရာေရာက္ပါသည္။ ထိုအခါ ေရာဂါျပလကၡဏာတို႔သည္လည္း ေျပာင္းလဲလာႏိုင္ၿပီး ဗိုင္းရပ္စ္အဆင့္ တစ္ခုခ်င္းႏွိမ္နင္းရန္ သို႔မဟုတ္ ဘုံသုံးႏိုင္ေသာ ေဆးဝါးသစ္ကို ရွာေဖြရေတာ့မည္ဟု အဓိပၸါယ္ ထြက္ေနေလသည္။

Ref-DailyMail Zeyar Khine ေလးစားစြာျဖင့္ Blacker

Unicode

လက်ရှိ ကိုရိုနာဗိုင်းရပ်စ်၏ မျိုးဗီဇအသွင်ပြောင်းမှု ၄၀ ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အိုက်စလန် သိပ္ပံပညာရှင်များ ပြောဆို။ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇ ဦးအား ဇစ်မြစ်လိုက်ရာတွင် အင်္ဂလန်ဘော လုံးပွဲတစ်ပွဲမှ စတင်ကူးစက်ခံခဲ့ရကြောင်း တွေ့ရှိ… အိုက်စလန်နိုင်ငံမှ Covid- 19 ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၀၀ နီးပါးအား စမ်းသပ်စစ်ဆေးခဲ့ရာ မျိုးဗီဇအသွင်ပြောင်းမှု ၄၀ ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ လက်ရှိကိုရိုနာဗိုင်းရပ်စ်သည် မျိုးဗီဇပြောင်းလဲလျှက်ရှိသည်ကို စူးစမ်းတွေ့ရှိခဲ့ဖြစ်သည်ဟု ဗြိတိန်အခြေစိုက် Daily Mail က ယမန်နေ့က ရေးသားထားသည်။ မျိုးဗီဇကွဲပြားခြားနားမှုများသည် လူတစ်ဦး၏ လက်ဗွေရာကဲ့သို့ပင် ပုံစံတူ ၂-ခု မရှိနိုင်သကဲ့သို့ ဗိုင်းရပ်စ်တစ်ခုသည်လည်း ထပ်တူမရှိခြင်းကြောင့် ကမ္ဘာ့မည်သည့်နေရာမှ စတင်ခဲ့ကြောင်း စစ်ချက်ထုတ်နိုင်သည်။

Genetic Sequencing မျိုးရိုးဗီဇနောက်ဆက်တွဲ အစီအစဉ်စနစ်ကို စမ်းသပ်ခြင်းဖြင့် ဗိုင်းရပ်စ်၏ မျိုးဗီဇ ပြောင်းလဲလာမှု အဆင့်ဆင့်ကို သိရှိရခြင်း ဖြစ်သည်ဆို၏။ အိုက်စ်လန်သိပ္ပံပညာရှင်များအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလမ်းကြောင်း နောက်ကြောင်းလိုက်ရာတွင် အင်္ဂလန်၊ ဩစတျေးလျနှင့် အီတလီတို့မှ အစပြုရောက်ရှိလာခဲ့ကြောင်း တွေရှိခဲ့ကြောင်း၊ ကူးစက်ခံရသူ ၇-ဦးသည် ကူးစက်ရောဂါပိုး အကာအကွယ်မပြုထားသော အင်္ဂလန်ဘောလုံးပွဲတစ်ပွဲမှ စတင်ကူးစက်လာသည်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။ ဗိုင်းရပ်စ်သည် တိရစ္ဆာန်များ၏ ခန္ဓာကိုယ်တွင် နှစ်ပေါင်းများစွာ မြုံနေခဲ့ပြီး လူ၏ ခန္ဓာကိုယ်ကို စတင်ဝင်ရောက် တိုက်ခိုက်နိုင်ခြင်း မတိုင်မီအထိ မျိုးဗီဇဆင့်ကဲပြောင်းလဲရာတွင် ဆယ်စုနှစ်ချီ၍ အချိန်ယူခဲ့ရမည် ဖြစ်ကြောင်း သိပ္ပံပညာရှင်များအနေဖြင့် ယူဆကြသည်။

ယခုကဲ့သို့ ဗိုင်းရပ်စ်၏ မျိုးဗီဇများကို လေ့လာခြင်းဖြင့် လူအများကြား အစုအပြုံလိုက်ပျံ့နှံ့လျှက် ကူးစက်ကပ် ရောဂါအသွင် ဖြစ်လာသည်ကို တိုက်ဖျက်ရာတွင် အထောက်အကူ ပြုနိုင်သည်။ အိုက်စ်လန်သိပ္ပံပညာရှင်များသည် ရောဂါကြောင့် သေဆုံးမှု တစ်ခု စတင်ဖြစ်ပွားချိန်မှစ၍ ၎င်းတို့ နိုင်ငံအတွင်းရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာများအား စတင် စမ်းသပ်ခဲ့ကြခြင်းဖြစ်သည်။ အိုက်စ်လန်ကျန်းမာရေးဌာနသည် မျိုးဗီဇလေ့လာမှုအဖွဲ့ DeCode Genetics နှင့်အတူပူးပေါင်း၍ လူပေါင်း ၉,၇၆၈ ဦးတို့၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို စမ်းသပ်လေ့လာခဲ့ကြသည်။ ၎င်းတို့တွင် ပိုးတွေ့ရှိလူနာ၊ ရောဂါ လက္ခဏာပြလျှက်ရှိသည့် သံသယလူနာနှင့် ကူးစက်နိုင်ချေရှိသူများ ပါဝင်သည်။ ရောဂါလက္ခဏာများ မတွေ့ရှိရသေးသော်လည်း မိမိသဘောဆန္ဒအလျောက် စစ်ဆေးခံခဲ့သူ ၅,၀၀၀ ခန့်တို့တွင်လည်း ရောဂါပိုး တွေ့ရှိခဲ့သည်။ ထိုသို့ ဗိုင်းရပ်စ်၏ မျိုးဗီဇဆက်ကြောင်း တစ်ခုလုံးအား လေ့လာစမ်းသပ်ပြီးသောအခါ ဗိုင်းရပ်စ်၏ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်နှင့် ကူးစက်ပျံ့နှံ့မှု လမ်းကြောင်းကို ပုံဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ “ဗိုင်းရပ်စ် မျိုးဗီဇဘယ်လို ဆင့်ကဲပြောင်းလဲတာတယ်ဆိုတာ ကျွန်တော်တို့ တွေ့ခဲ့ပြီ။ အိုက်စ်လန်မှာ ကိုရိုနာဗိုင်းဗိုင်းရပ်စ် မျိုးဗီဇအသွင်ပြောင်းမှု ၄၀ ရှာတွေ့ခဲ့တယ် “ဟု DeCode Genetics မှ ညွှန်ကြားရေးမှူး Kári Stefánsson က ပြောကြားခဲ့သည်။ လူနာတစ်ဦး၏ ကိုယ်တွင်း၌ မျိုးဗီဇမတူ ကိုရိုနာဗိုင်းရပ်စ်၂ မျိုး ဝင်ရောက်လျှက်ရှိနေပြီး ” အဲဒီလူနာမှာဆို မတူညီတဲ့ မျိုးဗီဇအသွင်ကွဲ ဗိုင်းရပ်စ်တွေ တွေ့ရှိခဲ့ပါတယ်။ ဒါဟာ ဗီဇအသွင်မပြောင်းခင်နဲ့ ပြောင်းပြီးအခြေအနေ ဗိုင်းရပ်စ်များဖြစ်ကြပြီး လူရဲ့ ခန္ဓာကိုယ်ထဲမှာပဲ ဗိုင်းရပ်စ်က မျိုးဗီဇအသွင်ပြောင်းနေတာ ဖြစ်တယ်။ ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ယခုအခါ လူဦးရေ ၃၆၅,၀၀၀ ရှိသော အိုက်စ်လန်နိုင်ငံအတွင်းသို့ ကိုရိုနာဗိုင်းရပ်စ် မည်သို့ ဝင်ရောက်ခဲ့သည်ကို နောက်ကြောင်းလိုက်နိုင်ခဲ့ပြီဟု ဆိုရပါမည်။ ဗိုင်းရပ်စ်အချို့မှာ ဩစတျေးလျမှ ရောက်ရှိလာပြီး၊ အခြား ပုံစံတစ်ခုမှာ အီတလီမှ ကူးစက်ခံခဲ့ရခြင်းဖြစ်၍ တတိယပုံစံမှာ အင်္ဂလန်နိုင်ငံတွင် ဘောလုံးပွဲတစ်ပွဲကို အတူကြည့်ခဲ့သူ ၇ ဦးမှ စတင်ကူးစက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

သို့သော် အဆိုပါ စစ်တမ်းသည် အခြားသိပ္ပံပညာရှင်များ၏ အတည်ပြုချက် ရယူရန် လိုအပ်နေသေးသောကြောင့် ပုံနှိပ်ခြင်းမပြုရသေးပေ။ Covid-19 ရောဂါဖြစ်ပွားစေသည့် SARS-CoV-2 ဗိုင်းရပ်စ်သည် ကိုရိုနာမျိုးရင်းဝင်ဖြစ်၍ မူလပထမ လင်းနို့များတွင် တွေ့ရလေ့ရှိသည်။ သို့သော် လင်းနို့တွင်ရှိသည့် ကိုရိုနာဗိုင်းရပ်စ်သည် လူသို့ တိုက်ရိုက်ကူးစက်ခြင်း မရှိပဲ ကြားခံသက်ရှိသတ္တဝါတစ်ခုခုတွင် ခိုအောင်းအသွင်ပြောင်းပြီးမှ SARS-CoV-2 ဗိုင်းရပ်စ် ဖြစ်လာသည်။ ယခုကိုရိုနာဗိုင်းရပ်၏ လင်းနို့နှင့် လူအကြား ကြားခံသက်ရှိမှာ သင်းခွေချပ်ဖြစ်သည်ဟု တရုတ်သိပ္ပံပညာရှင်များ ပြောဆိုချက်ကို နိုင်ငံတကာတွင် လေ့လာဆဲဖြစ်သည်။ ထို့ပြင်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ထွန်းသည်ဆိုခြင်းကို တရုတ်သိပ္ပံပညာရှင်များက လက်မခံပါ။ နေရာအနှံ့အပြားမှ ဝင်ရောက်လာသော ဗိုင်းရပ်စ်များ စုဝေးဆင့်ကဲ ပြောင်းလဲခြင်းမှ ယခုဗိုင်းရပ်စ်ဖြစ်လာသည်ဆိုခြင်းကြောင့် သင်းခွေချပ်သာမက လူပင် ဖြစ်နိုင်နေလေသည်။ သို့သော် SARS-CoV-2 ကို ဇီဝလက်နက်စမ်းသပ်ရာမှ ထွက်ပေါ်လာသော ဗိုင်းရပ်စ်မဟုတ်သည်မှာ သေချာသည်။ ဓါတ်ခွဲခန်းတွင် လူတို့ဖန်တီးသော ဗိုင်းရပ်စ်ဖြစ်ခဲ့လျှင် လက်ရှိကမ္ဘာပေါ်တွင် ရှိနှင့်ပြီး ဗိုင်းရပ်စ် တစ်ခုခုမှ ဆင့်ပွားယူခြင်းဖြစ်၍ တူညီနေရပါမည်။ SARS-CoV-2 မှာမူ ကမ္ဘာပေါ်တွင် တစ်ခါမျှ မရှိဖူး-မတွေ့ဖူးသော ဗိုင်းရပ်စ်ဖြစ်ခြင်းကြောင့် Novel အသစ်တွေ့ရှိသော ဗိုင်းရပ်စ်အဖြစ် ကြေညာရခြင်းဖြစ်သည်။ ဗိုင်းရပ်စ်တို့သည် လူကဲ့သို့ ဆဲလ် Cell များများမရှိပါ။ ထို့ကြောင့် မျိုးဗီဇပြောင်းရန် လွယ်ကူသည်။ တိရစ္ဆာန်မှ လူတွင် စွဲကပ်သည့် ကိုရိုနာဗိုင်းရပ်စ်အဖြစ်အဆင့်ရောက်ရန် ဗီဇပြောင်းခဲ့ပြီး ၂-လကျော်အကြာ ယခုအချိန်တွင် ယခင်ဝူဟန်ဗိုင်းရပ်စ်ဗီဇအသွင်မှ ပြောင်းလဲလျှက်ရှိပြီဟု ဆိုလိုရာရောက်ပါသည်။ ထိုအခါ ရောဂါပြလက္ခဏာတို့သည်လည်း ပြောင်းလဲလာနိုင်ပြီး ဗိုင်းရပ်စ်အဆင့် တစ်ခုချင်းနှိမ်နင်းရန် သို့မဟုတ် ဘုံသုံးနိုင်သော ဆေးဝါးသစ်ကို ရှာဖွေရတော့မည်ဟု အဓိပ္ပါယ် ထွက်နေလေသည်။

Ref-DailyMail Zeyar Khine လေးစားစွာဖြင့် Blacker

Be the first to comment

Leave a Reply

Your email address will not be published.


*