COVID -19 ရောဂါ ကာကွယ်ရေး နှင့်ပတ်သက်ပြီး ပရိသတ်တွေအတွက် အကြံပြုလာတဲ့ သက်ထားသူဇာ

ပရိသတ္ႀကီးေရ ျမန္မာ့ဂုဏ္ကစားသမားတစ္ေယာက္ျဖစ္တဲ့ ၾကက္ေတာင္မယ္ သက္ထားသူဇာ ကေတာ့ ႏိုင္ငံတကာ ၿပိဳင္ပြဲေတြမွာ ေအာင္ျမင္မႈေတြ ရယူေပးခဲ့ၿပီး ျမန္မာ့ဂုဏ္ေဆာင္ႏိုင္ခဲ့တဲ့ သူတစ္ေယာက္ပဲျဖစ္ပါတယ္။ လတ္တေလာမွာ ကူးဆက္ျပန႔္ပြားေနတဲ့ COVID-19 ေရာဂါနဲ႔ ပတ္သက္ၿပီး သက္ထားသူဇာက “တစ္ကမာၻလုံးမွာ ျပန႔္ပြားကူးစက္ေနတဲ့ COVID-19 ဟာ အခုျမန္မာျပည္မွာလည္း ေရာက္ရွိကူးဆက္ေနပါၿပီ။ ဒါေပမယ့္ အေၾကာက္လြန္ အစိုးရိမ္လြန္လို႔မျဖစ္ပါဘူးေနာ္။ ဒီအခ်ိန္ဟာ အခ်င္းခ်င္း စည္းလုံး ေဖးကူၾကရမယ့္ အခ်ိန္ျဖစ္ပါတယ္။

က်န္းမာေရးေကာင္းေအာင္ အိပ္ေရးဝဝ အိပ္စက္ပါ။ ကိုယ္ခံအားေကာင္းေအာင္ စားေသာက္ေနထိုင္ပါ။ လက္ေဆးပါ။ အျပင္ကျပန္လာတိုင္း ဝတ္ထားတဲ့အဝတ္အစားေတြကို ခ်က္ခ်င္းေလွ်ာ္ဖြပ္တာမ်ိဳး လုပ္သင့္ပါတယ္။တတ္ႏိုင္သေလာက္အျပင္မထြက္ဘဲ အိမ္မွာပဲေနပါေနာ္။ မလိုတဲ့လူေတြ အိမ္ျပင္မထြက္ျခင္းအားျဖင့္ မျဖစ္မေန အျပင္သြားေနရတဲ့ လူေတြအတြက္ ဝန္ထုပ္ဝန္ပိုးေလ်ာ့ေစပါတယ္။ အျပင္ေတြသြားရင္လည္း တတ္ႏိုင္သေလာက္ လူခ်ဲေနျခင္း (Social Distancing)ကို လုပ္ေဆာင္ပါ။

အလန႔္တၾကားနဲ႔ စားေသာက္ကုန္ေတြ ဝယ္ယူသိုေလွာင္တာမ်ိဳးလုပ္ရင္ ေဈးေတြပိုတက္လာၿပီး မဝယ္ႏိုင္သူေတြကို ဒုကၡျဖစ္ေစတာမို႔ ပုံမွန္ စားေလာက္႐ုံ တစ္ေန႔တစ္ခါ ေဈးမသြားရ႐ုံေလာက္ပဲ ဝယ္ၾကရေအာင္ပါ။ကိုယ့္မွာ ေနထိုင္မေကာင္းျဖစ္ရင္၊ ပိုးကူးဆက္ေနၿပီလို႔ သံသယျဖစ္ရင္၊ ဒါမွမဟုတ္ ပိုးကူးစက္ေနသူနဲ႔ လတ္တေလာမွာ ေတြ႕ဆုံထားတယ္ဆိုရင္ က်န္းမာေရးဌာနေတြဆီ သတင္းပို႔ၿပီး စစ္ေဆးခံပါ။ လူငယ္ေတြမွာ ကိုယ္ခံအားေကာင္းလို႔ ေနမေကာင္းမျဖစ္ဘူးဆိုရင္ေတာင္ မိမိအနားမွာရွိတဲ့ အသက္ႀကီးသူေတြ ကေလးငယ္ေတြကို ကိုယ္ကတဆင့္ ပိုးျဖန႔္ေပးသလို မျဖစ္ပါေစနဲ႔လို႔ အႀကံျပဳပါတယ္။သက္ထားခ်စ္တဲ့ ပရိတ္သတ္အားလုံး က်န္းမာေဘးကင္းၾကပါေစလို႔ ဆုေတာင္းေပးေနပါတယ္..” ဆိုၿပီး ေရးသားထားပါတယ္ ။

Source – That Htar Thuzar FB

Unicode

ပရိသတ်ကြီးရေ မြန်မာ့ဂုဏ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ကြက်တောင်မယ် သက်ထားသူဇာ ကတော့ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေ ရယူပေးခဲ့ပြီး မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ လတ်တလောမှာ ကူးဆက်ပြန့်ပွားနေတဲ့ COVID-19 ရောဂါနဲ့ ပတ်သက်ပြီး သက်ထားသူဇာက “တစ်ကမ္ဘာလုံးမှာ ပြန့်ပွားကူးစက်နေတဲ့ COVID-19 ဟာ အခုမြန်မာပြည်မှာလည်း ရောက်ရှိကူးဆက်နေပါပြီ။ ဒါပေမယ့် အကြောက်လွန် အစိုးရိမ်လွန်လို့မဖြစ်ပါဘူးနော်။ ဒီအချိန်ဟာ အချင်းချင်း စည်းလုံး ဖေးကူကြရမယ့် အချိန်ဖြစ်ပါတယ်။

ကျန်းမာရေးကောင်းအောင် အိပ်ရေးဝဝ အိပ်စက်ပါ။ ကိုယ်ခံအားကောင်းအောင် စားသောက်နေထိုင်ပါ။ လက်ဆေးပါ။ အပြင်ကပြန်လာတိုင်း ဝတ်ထားတဲ့အဝတ်အစားတွေကို ချက်ချင်းလျှော်ဖွပ်တာမျိုး လုပ်သင့်ပါတယ်။တတ်နိုင်သလောက်အပြင်မထွက်ဘဲ အိမ်မှာပဲနေပါနော်။ မလိုတဲ့လူတွေ အိမ်ပြင်မထွက်ခြင်းအားဖြင့် မဖြစ်မနေ အပြင်သွားနေရတဲ့ လူတွေအတွက် ဝန်ထုပ်ဝန်ပိုးလျော့စေပါတယ်။ အပြင်တွေသွားရင်လည်း တတ်နိုင်သလောက် လူချဲနေခြင်း (Social Distancing)ကို လုပ်ဆောင်ပါ။

အလန့်တကြားနဲ့ စားသောက်ကုန်တွေ ဝယ်ယူသိုလှောင်တာမျိုးလုပ်ရင် ဈေးတွေပိုတက်လာပြီး မဝယ်နိုင်သူတွေကို ဒုက္ခဖြစ်စေတာမို့ ပုံမှန် စားလောက်ရုံ တစ်နေ့တစ်ခါ ဈေးမသွားရရုံလောက်ပဲ ဝယ်ကြရအောင်ပါ။ကိုယ့်မှာ နေထိုင်မကောင်းဖြစ်ရင်၊ ပိုးကူးဆက်နေပြီလို့ သံသယဖြစ်ရင်၊ ဒါမှမဟုတ် ပိုးကူးစက်နေသူနဲ့ လတ်တလောမှာ တွေ့ဆုံထားတယ်ဆိုရင် ကျန်းမာရေးဌာနတွေဆီ သတင်းပို့ပြီး စစ်ဆေးခံပါ။ လူငယ်တွေမှာ ကိုယ်ခံအားကောင်းလို့ နေမကောင်းမဖြစ်ဘူးဆိုရင်တောင် မိမိအနားမှာရှိတဲ့ အသက်ကြီးသူတွေ ကလေးငယ်တွေကို ကိုယ်ကတဆင့် ပိုးဖြန့်ပေးသလို မဖြစ်ပါစေနဲ့လို့ အကြံပြုပါတယ်။သက်ထားချစ်တဲ့ ပရိတ်သတ်အားလုံး ကျန်းမာဘေးကင်းကြပါစေလို့ ဆုတောင်းပေးနေပါတယ်..” ဆိုပြီး ရေးသားထားပါတယ် ။

Source – That Htar Thuzar FB

Be the first to comment

Leave a Reply

Your email address will not be published.


*