အစိုးရဝန်ထမ်းတွေ ၅၀ ရာခိုင်နှုန်းသာရုံးတက်ဖို့ သမ္မတရုံးထုတ်ပြန်
မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာရှိလာပြီဖြစ်တဲ့ ကိုဗစ် -၁၉ ကပ်ရောဂါကြောင့် ရောဂါကြိုတင်ကာကွယ်တားဆီးရေးနဲ့ ရုံးလုပ်ငန်းတွေအရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်ရေးအတွက်ဆိုကာ အစိုးရရုံးဌာနတွေမှာ ဝန်ထမ်းရဲ့ ၅၀ ရာခိုင်နှုန်းကိုသာ ရုံးတက်တာဝန်ထမ်းဆောင်ခိုင်းဖို့ နိုင်ငံတော်သမ္မတရုံးကနေ မတ် ၂၅ ရက်နေ့မှာ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။
နားရက်ရမယ့် ကျန်ဝန်ထမ်း ၅၀ ရာခိုင်နှုန်းဟာ နေထိုင်ရာ ဝန်ထမ်းအဆောင် အိမ်ရာတွေမှာ တာဝန်ချိန်အဖြစ် သတ်မှတ်ပြီး မပျက်မကွက်နေထိုင်ကြဖို့နဲ့ လိုအပ်လို့ခေါ်ယူပါက အချိန်နဲ့တပြေးညီရုံးကိုလာ တာဝန်ထမ်းနိုင်ရမယ်လို့ ထုတ်ပြန်ချက်မှာပါပါတယ်။ မတ် ၂၆ရက်နေ့မနက်ပိုင်းထိ မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာ ၃ဦးရှိလာပြီဖြစ်ပါတယ်။ဘီဘီစီမြန်မာပိုင်း
Zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*