Knowledge

‘စီးပြား တက္ မယ့္ ” အိမ္ ဆို တာ ”’

Written by La Yaung

အိမ္ ၏ ေခါင္းရင္းေနအိမ္ သည္ မိမိ အိမ္ထက္ျမင့္မည္ ေျခရင္းအိမ္သည္လည္း မိမိအိမ္ထက္ျမင့္ပါက ကိုယ္ေနေသာအိမ္သည္ အမိုးနိမ့္ေနလွ်င္ အိမ္ပုခက္ ဟုေခၚသည္ ။ ေနေသာမိသားစုသည္ စီးပြားတက္၏ ။

ကိုယ့္အိမ္ေခါင္းရင္းအိမ္က အမိုးနိ မ့္မည္ ။ ကိုယ့္အိမ္ေျခရင္းကလဲ အမိုးနိမ့္မည္ ကိုယ့္အိမ္က အလယ္မွ အမိုးျမင့္မားေနပါက အိမ္ျမင့္မိုရ္ဟုေခၚသည္ ။


လူႀကီးမိဘတို႔ကို ေခါင္းရင္းဘက္ ထား၍ ျပဴ စုလုပ္ေကြၽးအား သဒၶါျပည့္ကအထူးေကာင္းမြန္၏ ။

ကိုယ့္အိမ္၏ေခါင္းရင္းကျမင့္မည္ ။ ကိုယ့္အိမ္ ၏ ေျခရင္းက ကိုယ့္အိမ္ထက္နိမ့္ေနပါက အိမ္ေတာင္တန္း ဟုေခၚသည္ ။ တစ္စိမ့္စိမ့္စီးပြားျဖစ္၏ ။

ကိုယ့္အိမ္၏ေခါင္းရင္းကနိမ့္၍ ကိုယ့္အိမ္၏ ေျခရင္း အိမ္က ျမင့္ေနပါက စီးပြားအသည္း အသန္ရွာရတတ္သည္။ ေရဆန္အိမ္ ဟုေခၚသည္။ ေရွးလူႀကီးမ်ား က မဝယ္သင့္ဟုဆိုၾက၏ ။

ကိုယ့္အိမ္၏ ေခါင္းရင္းနားတြင္ မီးဖိုအႀကီးႀကီးျဖင့္ စီးပြားရွာေသာ အိမ္ရွိေနပါက ထိုအိမ္ ကိုဘုရားေဆာင္ေ႐ႊ႕ျခင္းသို႔မဟုတ္ အိမ္ အမိုး ထပ္ျမႇင့္ျခင္းျပဳ အပ္၏။ မက်န္းမမာျဖစ္တတ္၏ ။ ဦးေခါင္း အပူတိုက္ဟုေခၚၾကသည္ ။ သတိထားအပ္၏ ။

ကိုယ့္အိမ္၏ ေဘးဘယ္ညာအိမ္တို႔မွဆူညံစကား ျပင္းေသာ အသံခ်ဲ႕စက္ေဆာင္းေဘာက္စ္ အသံ အဆဲအဆိုႏူတ္ၾကမ္းတမ္းျခင္းျပဳ လုပ္ေနပါက ထိုအိမ္သည္ နတ္ဆိုးလွည္းအိမ္ဟုေခၚသည္ ။ အမဂၤလာအသံၾကားတြင္ညပ္ေန၍ျဖစ္၏ ။ ေမတၱသုတ္ မျပတ္သရဇၩယ္အပ္၏ ။

အလြန္စပ္စပ္စုစုႏိူင္ေသာ အိမ္နီး ပါးခ်င္း ေငြအေခ်းအငွားအလြန္ပက္စက္၍ျပန္ဆပ္လွ်င္ လက္အလြန္ခက္ေသာသူ တို႔ႏွင့္ေနထိုင္ရပါက မရွိပါဟူေသာ စကား ကို လိမ္ညာေျပာ တတ္ရ၍ သီလ မလုံေသာကံကို စီရင္ဖန္တီးမိေနတတ္၍ အလိမၼာျဖင့္ ဝစီကံထိမ္းထိမ္းသိမ္းသိမ္း သတိထား ေျပာရတတ္၏။ဝစီေဗဒထိတိုင္းရွ ဟူသည္ႏွင့္အညီ ကိုယ္ပါ ဆင္းရဲႏြမ္းပါးလာတတ္၏ ။

Unicode

အိမ် ၏ ခေါင်းရင်းနေအိမ် သည် မိမိ အိမ်ထက်မြင့်မည် ခြေရင်းအိမ်သည်လည်း မိမိအိမ်ထက်မြင့်ပါက ကိုယ်နေသောအိမ်သည် အမိုးနိမ့်နေလျှင် အိမ်ပုခက် ဟုခေါ်သည် ။ နေသောမိသားစုသည် စီးပွားတက်၏ ။

ကိုယ့်အိမ်ခေါင်းရင်းအိမ်က အမိုးနိ မ့်မည် ။ ကိုယ့်အိမ်ခြေရင်းကလဲ အမိုးနိမ့်မည် ကိုယ့်အိမ်က အလယ်မှ အမိုးမြင့်မားနေပါက အိမ်မြင့်မိုရ်ဟုခေါ်သည် ။
လူကြီးမိဘတို့ကို ခေါင်းရင်းဘက် ထား၍ ပြူ စုလုပ်ကျွေးအား သဒ္ဓါပြည့်ကအထူးကောင်းမွန်၏ ။

ကိုယ့်အိမ်၏ခေါင်းရင်းကမြင့်မည် ။ ကိုယ့်အိမ် ၏ ခြေရင်းက ကိုယ့်အိမ်ထက်နိမ့်နေပါက အိမ်တောင်တန်း ဟုခေါ်သည် ။ တစ်စိမ့်စိမ့်စီးပွားဖြစ်၏ ။

ကိုယ့်အိမ်၏ခေါင်းရင်းကနိမ့်၍ ကိုယ့်အိမ်၏ ခြေရင်း အိမ်က မြင့်နေပါက စီးပွားအသည်း အသန်ရှာရတတ်သည်။ ရေဆန်အိမ် ဟုခေါ်သည်။ ရှေးလူကြီးများ က မဝယ်သင့်ဟုဆိုကြ၏ ။

ကိုယ့်အိမ်၏ ခေါင်းရင်းနားတွင် မီးဖိုအကြီးကြီးဖြင့် စီးပွားရှာသော အိမ်ရှိနေပါက ထိုအိမ် ကိုဘုရားဆောင်ရွှေ့ခြင်းသို့မဟုတ် အိမ် အမိုး ထပ်မြှင့်ခြင်းပြု အပ်၏။ မကျန်းမမာဖြစ်တတ်၏ ။ ဦးခေါင်း အပူတိုက်ဟုခေါ်ကြသည် ။ သတိထားအပ်၏ ။

ကိုယ့်အိမ်၏ ဘေးဘယ်ညာအိမ်တို့မှဆူညံစကား ပြင်းသော အသံချဲ့စက်ဆောင်းဘောက်စ် အသံ အဆဲအဆိုနူတ်ကြမ်းတမ်းခြင်းပြု လုပ်နေပါက ထိုအိမ်သည် နတ်ဆိုးလှည်းအိမ်ဟုခေါ်သည် ။ အမင်္ဂလာအသံကြားတွင်ညပ်နေ၍ဖြစ်၏ ။ မေတ္တသုတ် မပြတ်သရဇ္ဈယ်အပ်၏ ။

အလွန်စပ်စပ်စုစုနိူင်သော အိမ်နီး ပါးချင်း ငွေအချေးအငှားအလွန်ပက်စက်၍ပြန်ဆပ်လျှင် လက်အလွန်ခက်သောသူ တို့နှင့်နေထိုင်ရပါက မရှိပါဟူသော စကား ကို လိမ်ညာပြော တတ်ရ၍ သီလ မလုံသောကံကို စီရင်ဖန်တီးမိနေတတ်၍ အလိမ္မာဖြင့် ဝစီကံထိမ်းထိမ်းသိမ်းသိမ်း သတိထား ပြောရတတ်၏။ဝစီဗေဒထိတိုင်းရှ ဟူသည်နှင့်အညီ ကိုယ်ပါ ဆင်းရဲနွမ်းပါးလာတတ်၏ ။

About the author

La Yaung

Leave a Comment