Cele News

ပိုင်တံခွန်ရဲ့ မွေးနေ့အတွက် စုပေါင်းသွေးလှူကြတဲ့ ထိုင်းနိုင်ငံက ပရိတ်သတ်တွေ

Written by La Yaung




Flower Sky – La Yaung

Source ; Paing Takhon

Unicode

စူပါမော်ဒယ်စတားတစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်ကတော့ အရပ်ရှည်ရှည် အသားဖွေးဖွေနဲ့မို့ ကိုရီးယားမင်းသားတွေ ထိုင်ငိုလောက်တဲ့ ရုပ်ရည်မျိုးကိုပိုင်ဆိုင်ထားပါတယ်။မိန်းကလေး ပရိတ်သတ်တွေ သာမက ယောက်ကျားလေးပရိတ်သတ်တွေရဲ့ အားပေးမှုကို ပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။

မကြာမီ မှာ ကျရောက်မယ့် စက်တင်ဘာ ၁၇ ရက်နေ့မှာ ပိုင်တံခွန်ဟာ ၂၄ နှစ်ပြည့်မြောက်မွေးနေ့ဖြစ်ပါတယ်။သူရဲ့ မွေးနေ့ အလှူအဖြစ် ထိုင်းနိုင်ငံက အမျိုးသမီး ပရိတ်သတ်တွေဟာ စုပေါင်းသွေးလှူကြတဲ့ အပေါ်” ကျနော့်ရဲ့ Sep 17 မှာ ကျရောက်မယ့် အသက် 24 နှစ်ပြည့် မွေးနေ့ အတွက်ဆိုပြီး ထိုင်းက ပရိတ်သတ်တွေ သွေးလှူပေးနေကြတယ် ဘာပြောရမှန်းတောင်မသိပါဘူးဗျာ တကယ်ကောင်းမွန်တဲ့ အလုပ်မို့လို့ ဝမ်းသာပီတိဖြစ်သလို သာဓုလည်း ခေါ်ပါတယ်”လို့ ပြောပြလာပါတယ်။

မြန်မာပရိတ်သတ်တွေနဲ့ ပူပေါင်းပြီး သွေးလှူဖို့ စိတ်ကူးထားပေမယ့် လက်ရှိရောဂါအခြေအနေတွေကြောင့် လူစုလူဝေးဖြစ်မှာ စိုးရိမ်တာကြောင့် မလှူဖြစ်တော့ဘူးလို့ သိရပါတယ်။ပရိတ်သတ်ကြီးအတွက် ထိုင်းက ပရိတ်သတ်တွေရဲ့ သွေးလှူဒါန်းခဲ့ကြတဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

Flower Sky – La Yaung

Source ; Paing Takhon

About the author

La Yaung

Leave a Comment